တာချီလိတ်ခရိုင်နှင့် တာချီလိတ်မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများအပြင် တာချီလိတ်မြို့နှင့် အနီးအနားတစ်ဝိုက်ရှိ လူမှုကူညီရေးအသင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အလိုက် သိရှိစေရန်နှင့် မိမိတို့ လှူဒါန်းလိုသော အသင်းအဖွဲ့များ၏ အကြောင်းအရာကို သိရှိနိုင်စေရန် ရည်ရွယ်၍ တာချီလိတ်အွန်လိုင်းမှ မှတ်တမ်းပြု၍ လွှင့်တင်ပေးထားခြင်းဖြစ်ပါသည်။

ယခုဖော်ပြထားသော အသင်းအဖွဲ့များသည် သာရေး၊ နာရေး၊ ကျန်းမာရေး၊ လူမှုထောက်ပံ့ရေး၊ ဘာသာရေး၊ စသည့် လူမှုရေးလုပ်ငန်းများကို အခမဲ့ စေတနာဖြင့် အချိန်၊ ငွေ၊ လူ၊ အင်အား စသည်တို့ဖြင့် ပေါင်းစပ်ကာ ပေးဆပ်နေကြသော အသင်းအဖွဲ့များ ဖြစ်ပါသည်။

ဖော်ပြထားသော အသင်းအဖွဲ့များ၏ အချို့သော အကြောင်းအရာများ မပြည့်စုံသည်များအတွက် လိုအပ်သည့် အချက်အလက်များကို ဆက်လက် ဖြည့်ဆည်း ဖော်ပြသွားမည်ဖြစ်ပါသည်။

မပါဝင်သေးသော အသင်းအဖွဲ့များကို ထည့်သွင်းဖော်ပြလိုပါက email ( tachileik@tachileik.net ) သို့ မေးလ်ပို့ပေးနိုင်ပါသည်။

ဖော်ပြလိုသော အသင်းအဖွဲ့များအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များအတိုင်း စုစည်း၍ မေးလ်ပို့ပေးနိုင်ပါသည်။


  1. အသင်းအမည်
  2. အသင်းဥက္ကဌ/ခေါင်းဆောင်
  3. လက်ရှိအသင်းသားဦးရေ
  4. အသင်းစတင်ထည်ထောင်သည့်ခုနှစ်ရက်လ
  5. အသင်း၏ လုပ်ဆောင်ချက်
  6. ဆက်သွယ်ရန် ဖုန်းနံပါတ်
  7. ဆက်သွယ်ရန် လိပ်စာ





Flag Counter