( အမှတ်တံဆိပ် )

  • အသင်း/အဖွဲ့ အမည် : တာချီလိတ် ပညာရေး ဖောင်ဒေးရှင်း
  • တည်ထောင်သည့်နှစ်။ ။ ၂၀၁၅
  • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးတင်နွယ်
  • ဖောင်ဒေးရှင်းအကြောင်း သိကောင်းစရာ 

တာချီလိတ်မြို့တွင် ဆင်းရဲနွမ်းပါး၍ ပညာဆက်လက် သင်ယူရန် ခက်ခဲသော ထူးချွန်ထက်မြက်သည့် ကလေးများအား ထောက်ပံ့နိုင်ရန် တာချီလိတ်ပညာရေးဖောင်ဒေးရှင်းအား ကျပ်သိန်း(၆၀)ဖြင့် မတည်၍ တည်ထောင်ထားရှိကြောင်း သိရသည်။

"အခု ဘာသာစုံဂုဏ်ထူးနဲ့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ အောင်ခဲ့တဲ့ မိုင်းကိုးကျေးရွာ အထက်တန်းကျောင်းက ဆေးကျောင်းသူ မနန်းမော်မော်အောင်ကို တစ်လ ကျပ်(၃)သိန်းနဲ့ ထောက်ပံ့တာ (၂)လရှိပါပြီ၊ ဒီလိုဘဲ တာချီလိတ်မြို့နယ် အတွင်းမှာ တကယ်ထူးချွန်ပြီး ပညာဆက်လက်သင်ကြားဖို့ ခက်ခဲတဲ့ ကလေးတွေကို ထောက်ပံ့နိုင်အောင် တည်ထောင်ထားတာပါ.."ဟု တာချီလိတ်ပညာရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ် အတွင်းရှိ ပညာထူးချွန်သော ကလေးများအား ထောက်ပံ့ပေးရာတွင် ပညာရေးမှတ်တမ်းပေါ် အခြေခံ၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ငယ်စဉ်မှ ထူးချွန်ထက်မြက်သူများအား အဓိကထား ထောက်ပံ့မည်ဖြစ်ကြောင်း၊ ပညာသင်စရိတ်ထောက်ပံ့ပေးချိန်တွင် လစဉ်ပညာရည်ချွန် မှတ်တမ်းများအား ကြည့်ရှုသွားမည်ဖြစ်ကြောင်း နှင့် ထောက်ပံ့စဉ်တွင် လစဉ် အမှတ်စာရင်းများ ကျဆင်းသွားပါက ဆက်လက်ထောက်ပံ့မည် မဟုတ်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့တွင် ပညာရေးနှင့်ပတ်သက်၍ ပထမဆုံးပြုလုပ်သည့် ဖောင်ဒေးရှင်းဖြစ်ကြောင်း သိရပြီး ဘဏ္ဍာရေး အခြေအနေအလိုက် ပညာရေးနှင့် သက်ဆိုင်မှုများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ဆိုသည်။

"အဓိကတော့ စကော်လာရှစ်ပုံစံနဲ့ ပေးသွားမှာပါ၊ စံချိန်စံညွှန်းတွေကိုတော့ မသတ်မှတ်ရသေးဘူး၊အဓိကတော့ ပညာဆက်လက် သင်ဖို့ခက်ခဲတဲ့ ကလေးတွေကို ထောက်ပံ့ဖို့နဲ့ ဒေသအတွင်းမှာ ထူးချွန်တဲ့ ကလေးတွေ ထွက်ပေါ်ဖို့ ထူးချွန်တဲ့ ကလေးတွေလည်း ပညာဆက်လက် မသင်ကြားနိုင်ခြင်း မရှိအောင်လို့ပါ.."ဟု တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ နာယကတစ်ဦးဖြစ်သူ ဦးထိန်မင်းမှ ပြောသည်။

တာချီလိတ်ပညာရေးဖောင်ဒေးရှင်းအား စေတနာရှင် မိဘပြည်သူများနှင့် ပညာရေးအခန်းကဏ္ဍအား မြှင့်တင်လိုသူများအနေဖြင့်  ပါဝင်လှူဒါန်းနိုင်ကြောင်း နှင့် ပါဝင်လှူဒါန်းလိုပါက အောက်ပါအတိုင်း ဆက်သွယ် လိပ်စာမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။





  • ဆက်သွယ်ရန် လိပ်စာ။ ။ ရှမ်းပြည်နယ်အရှေ့ပိုင်းသတ္တုလုပ်ငန်းရှင်များအသင်းရုံး ( ယာယီဖြစ်ပါသည်။ )



  • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။ 0827581300



  • ဆက်သွယ်ရန် မြန်မာဖုန်း။ ။ 095242865
  • Facebook: www.facebook.com/TachileikFoundation
  • Read More ...

    အချက်အလက်အား မကြာမီဖော်ပြပါမည်

    • အသင်း/အဖွဲ့ အမည် : အင်းသားလူမှုရေးအသင်း(တာချီလိတ်)
    • တည်ထောင်သည့်နှစ်။ ။ ++++
    • ဥက္ကဌ/ခေါင်းဆောင် အမည် : ++++
    • အကြောင်းအရာ
    အသင်း/အဖွဲ့၏ အကြောင်းအရာ
    က ခ

  • ဆက်သွယ်ရန် လိပ်စာ။ ။++++


  • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။++++


  • ဆက်သွယ်ရန် မြန်မာဖုန်း။ ။++++
  • Read More ...

    • အသင်း/အဖွဲ့ အမည် : မဇ္ဈိမလူမှုကူညီရေးအသင်း (တာချီလိတ်)
    • တည်ထောင်သည့်နှစ်။ ။ 12.12.2012
    • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးတင့်ဆွေ
    • အကြောင်းအရာ
               မဇ္ဈိမလူမှုကူညီရေးအသင်းအား ၁၂.၁၂.၂၀၁၂ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်လာခဲ့တာဖြစ်ပြီး၊ အသင်း၏ ဥက္ကဌအဖြစ် ဦးတင့်ဆွေမှ ဦးဆောင်၍ အသင်းသူ အသင်းသားများစွာတို့ဖြင့်.. 
    • နာရေး 
    • ကျန်းမာရေး 
    • ပညာရေး 
    • ဘာသာရေး 
    • ကယ်ဆယ်ရေး 
    • စာပေဟောပြောပွဲများပြုလုပ်ခြင်း 
    • လူမှုရေး 
    • သဘာဝပတ်ဝန်းကျင် 
    • စိမ်းလန်းစိုပြေစေရေး 
    • ဆိုင်းငံ့ဝတ်စုံ 
     စသည့် လူမှုအကျိုးပြု လုပ်ငန်းများကို အခမဲ့ ကူညီဆောင်ရွက်ပေးနေသော အသင်းတစ်သင်းဖြစ်သည်။

                             အဆိုပါ အသင်းအနေဖြင့် သာရေး နာရေးများကို ဆောင်ရွက်သည့်အပြင် ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေကြသောအခက်အခဲ ဖြစ်နေကြသော ဝေဒနာရှင်များအား ဆေးဝါးကုသစရိတ် ထောက်ပံ့ပေးခြင်းအပြင်၊ တာချီလိတ် ဒေသခံမဟုတ်ပဲ နယ်ဝေးမှ ဝေဒနာရှင်များ ဒုက္ခသည်များအနေဖြင့် အမှန်တကယ် မတတ်နိုင်ပါက စီစစ်၍ လမ်းစရိတ်ထောက်ပံ့ပေးမှုများကိုလည်း ပံ့ပိုး ကူညီပေးသည့် အပြင် လေယာဉ်လက်မှတ် ဖြတ်ပေးခြင်းတို့ဖြင့်လည်း ကူညီဆောင်ရွက်ပေးသည်။

                         မဇ္ဈိမလူမှုကူညီရေးအသင်းအနေဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်မဖော်သေးသော "ဆိုင်းငံ့ဝတ်စုံ" ပေးအပ်/လှူဒါန်းမှုကိုလည်း အကောင်အထည် ဖော်နေလျှက်ရှိသည်။ ဆိုင်းငံ့ဝတ်စုံ ဆိုသည်မှာ မိမိတို့ အနေဖြင့် မ၀တ်လိုသော ပိုနေသော အ၀တ်အစားများကို မဇ္ဈိမလူမှုကူညီရေးအသင်းအား လာရောက် လှူဒါန်းနိုင်မှာဖြစ်ပြီး ထိုသို့ လှူဒါန်းမှုကို လက်ခံပြီးနောက် မြန်မာပြည်တွင်း၌ အမှန်တကယ် လိုအပ်နေသော နေရာဒေသများသို့ တဆင့်ပြန်လည် ပေးအပ်လှူဒါန်းမှုများကို ပြုလုပ်သည်။


    ဆက်သွယ်ရန် လိပ်စာ









  • မဇ္ဈိမ လူမှုကူညီရေးအသင်း - တာချီလိတ်မြို့ 
  • Website: www.mizzimasas.com 
  • Email: mizzimasas@gmail.com 
  • Facebook: www.facebook.com/mizzimasas
  • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။ 0873052999
  • ဆက်သွယ်ရန် မြန်မာဖုန်း။ ။ 094 580 43760
  • Read More ...


    • အသင်း/အဖွဲ့ အမည် : အဆွေတော် မိသားစု (၂၄)နာရီ အထူးကုဆေးခန်း - ( ကုသိုလ်ပြု အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ )
    • တည်ထောင်သည့်နှစ်။ ။ 28.10.2012
    • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးတင်လှိုင် ( ဆေးခန်းပိုင်ရှင် )
    • အကြောင်းအရာ

              တာချီလိတ်မြို့တွင် ပထမဦးဆုံး (၂၄)နာရီ ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ဖွင့်လှစ်ထားရှိသော အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းသည်  (၂၄)နာရီ ကျန်းမာရေး ၀န်ဆောင်မှုအား ပုဂ္ဂလိကအကျိုးစီးပွားအဖြစ် လုပ်ကိုင်လျှက်ရှိသော်လည်း တစ်ဖက်တစ်လမ်းမှ  ရဟန်းသံဃာများနှင့် ဘာသာခြား သာသနာပြု ပုဂ္ဂိုလ်များအတွက် အထူးသီးသန့် ကုသိုလ်ဖြစ် ရာသက်ပန် ဇီဝိတဒါန အခမဲ့ ကုသပေးခြင်း အဖြစ် ကုသပေးလျှက်ရှိသော (၂၄)နာရီ ဆေးခန်းဖြစ်ပါသည်။

                အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းသည်  နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး ၊ မဟာမြတ်မုနိဆရာတော်ဘုရားကြီးတို့ အား အမှူးထားပြီး ဆရာတော် ၊ သံဃာတော်များ ၊ သီလရှင်များနှင့် အခြား ဘာသာရေးအဖွဲ့အစည်းများမှ သိက္ခာတော်ရ ဆရာတော်ကြီးများ၊ သင်းအုပ်ဆရာများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်များအား ပြင်ပလူနာအဖြစ် ကုသဆောင်ရွက်ပေးခြင်း နှင့် ရပ်ဝေး ရပ်နီးမှ ငွေကြေး အမှန်တကယ် ချို့တဲ့သူများကိုလည်း သင့်တင့်လျောက်ပတ်သော နှုန်းထားများဖြင့် မိဘပြည်သူများ၏ ကျန်းမာရေးများ အတွက် အခမဲ့ဝန်ဆောင်မှုများကို အထွေထွေ ရောဂါကု သမားတော်ကြီး ၊ အထူးကု ဆရာဝန်ကြီး၊ အထူးဝါရင့် ကျွမ်းကျင်ပညာရှင်ကြီးများ နှင့် ကျွမ်းကျင်သူနာပြု ဆရာမများက စေတနာကို အရင်းခံကာ အထူး ဆောင်ရွက်ပေးလျှက်ရှိပါသည်။

           အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းသည် အဓိကအားဖြင့် ရဟန်းသံဃာများနှင့် ဘာသာခြား သာသနာပြု ပုဂ္ဂိုလ်များအတွက် ကုသိုလ်ဖြစ် ရာသက်ပန် ဇီဝိတဒါန အခမဲ့ ကုသပေးနေလျှက်ရှိသော ဆေးခန်းဖြစ်ပါသည်။


    ဆက်သွယ်ရန် 




  • လိပ်စာ ။ ။ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် မြောက်ဘက်မုခ်ဦးအနီး၊ မဟာဗောဓိကုန်းနှင့် ရွှေတိဂုံအတက်လမ်း မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
  • မြန်မာဖုန်း။ ။ 084-51895၊ 084-52901၊ 084-51491
  • ထိုင်းဖုန်း ။        ။  091-3071902 ၊ 088-8053194
  • Web: http://aswetawclinic.blogspot.com
  • Facebook: Ast Polyclinic အဆွေတော်မိသားစု ၂၄နာရီ အထူးကုဆေးခန်း
  • Read More ...


    • အသင်း/အဖွဲ့ အမည် : အလင်းရောင်ပရဟိတအသင်း
    • တည်ထောင်သည့်နှစ်။ ။ 1.1.2012
    • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးမြင့်ဦး
    • အကြောင်းအရာ
                   အလင်းရောင်ပရဟိတအသင်းသည် တာချီလိတ်မြို့၌ အစောဆုံးဖွဲ့စည်းသော လူမှုကူညီရေးအသင်းများအနက် တစ်ခုအပါအ၀င် ဖြစ်ပြီး အလင်းရောင်ပရဟိတအသင်းအား ဥက္ကဌဖြစ်သူ ဦးမြင့်ဦး မှ ဦးစီးဦးဆောင်၍ အသင်းသား၊ အသင်းသူ (၂၅၀)ကျော်တို့ဖြင့် တာချီလိတ်မြို့တွင်း၌ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေသည့်အပြင် လပြည့်၊ လကွယ် စုပေါင်းဘုံဆွမ်းလောင်းခြင်းနှင့် တရားပွဲများ ကျင်းပခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိပြီး အဆိုပါ အသင်းအား ၁.၁.၂၀၁၂ ရက်နေ့က စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။


  • ဆက်သွယ်ရန် လိပ်စာ။ ။ အ.ထ.က(တာချီလိတ်) အနီး၊ ဗိုလ်ချုပ်လမ်းမဘေး၊ မကာဟိုခမ်း၊ တာချီလိတ်မြို့။
  • သာရေး နာရေးနှင့် ပတ်သက်၍ အကူအညီလိုပါက (၂၄)နာရီ အချိန်မရွေး အောက်ပါ ဖုန်းနံပါတ်များကို ခေါ်ဆို၍ ဆက်သွယ်နိုင်သည်။

  • ဦးမြင့်ဦး ဥက္ကဌ 0861169593
  • ဦနိုင်စိုး ဒု-ဥက္ကဌ 0831532542
  • ဦးစိုးမိုး အတွင်းရေးမှူး  0826120617
  • ဦးအောင်မြင့်ရှိန် အတွင်းရေးမှူး 0848048775
  • Facebook: https://www.facebook.com/ALinYaungWelfare
  • Web: http://alinyaung.tachileik.net/
  • Read More ...

    • အသင်း/အဖွဲ့ အမည် : မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်း
    • တည်ထောင်သည့်နှစ်။ ။ ၂၀၀၉ခုနှစ် မေလ (၁)ရက်
    • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးဘိုစံ
    • အကြောင်းအရာ
                 တာချီလိတ်မြို့တွင် သာရေး/နာရေးစသည့် လူမှုကူညီရေး အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ပထမဦးဆုံး ဖွဲ့စည်းထားသည်ဟု ယူဆရသည့် "မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း"ကို ၂၀၀၉ခုနှစ် မေလ (၁)ရက်နေ့က ဦးဘိုစံ မှ ဥက္ကဌအဖြစ် တာဝန်ယူကာ စတင်ဖွဲ့စည်းခဲ့ပြီး တာချီလိတ်မြို့တွင်း၌ သာရေး/နာရေးများကို အခမဲ့ ကူညီမှုပေးသော အသင်းတစ်သင်းဖြစ်ပါသည်။

                 မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းသည် အဓိက အားဖြင့် Member စနစ်ကို သွားသော အသင်းဖြစ်ပြီး ယခုနောက်ပိုင်း၌ အသင်းသို့ ဆက်သွယ်အကူအညီတောင်းလာသည့် မည်သူကိုမဆို Member မဟုတ်လည်း ကူညီပေးနေလျှက်ရှိပြီး အသင်း၏ ရုံးခန်းအား တာချီလိတ်မြို့ ပါလျှံရပ်ကွက်၌ ဖွင့်လှစ်ထားရှိပါသည်။


    မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ -

    ဦးစီး(နာယက)
    • ဦးမောင်လေး ( သုဓမ္မမဏိဇောတဓရ) အဆွေတော်
    နာယက အဖွဲ့
    •   ၁။ ဦးအားဇီး 
    •   ၂။ ဦးစိုင်းကျော်ဇံ
    •   ၃။ ဦးထွန်းနေဦး  
    •   ၄။ ဦးမြင့်လွင်
    •   ၅။ ဦးထွန်းဝင်း
    •   ၆။ ဦးတော်ဖီ
    •   ၇။ ဦးစိုင်းနွံ
    •   ၈။ ဦးခင်မောင်မြင့်
    •   ၉။ ဦးဘိုလေး
    • ၁၀။ ဦးစိုင်းစိုင်း
    • ၁၁။ ဦးစိုင်းလုံးထီး
    အလုပ်အမှုဆောင်အဖွဲ့
    •   ၁။ ဦးဘိုစံ  - ဥက္ကဌ
    •   ၂။ ဦးအောင်အောင် - ဒု-ဥက္ကဌ
    •   ၃။ ဦးညီညီ     -        ဒု-ဥက္ကဌ
    •   ၄။ ဦးရှမ်းဘို - အဖွဲ့ဝင်
    •   ၅။ ဦးသောင်းဖေ - အဖွဲ့ဝင်
    •   ၆။ ဦးထွန်းဦး - အဖွဲ့ဝင်
    •   ၇။ ဦးဂျီဝမ်း - အဖွဲ့ဝင်
    •   ၈။ ဦးကျော်စွာဝင်း - အဖွဲ့ဝင်
    •   ၉။ ဦးအောင်ဝင်း - အဖွဲ့ဝင်
    • ၁၀။ ဦးမြင့်ဝေ - အဖွဲ့ဝင်
    • ၁၁။ ဦးခင်မောင်ညို - အဖွဲ့ဝင်
    • ၁၂။ ဦးညွန့်ဝင်း - အဖွဲ့ဝင်
    • ၁၃။ ဦးလှမြင့် - အဖွဲ့ဝင်
    • ၁၄။ ဦးဝင်းလှိုင်ဦး - အဖွဲ့ဝင်
    • ၁၅။ ဦးကျော်ငြိမ်းအောင် - အဖွဲ့ဝင်
    • ၁၆။ ဦးကျော်ဆွေ - အတွင်းရေးမှူး
    • ၁၇။ ဦးစိုင်းရွှေထွန်း - တွဲဖက်အတွင်းရေးမှူး
    • ၁၈။ ဦးမင်းမင်းထွန်း - တွဲဖက်အတွင်းရေးမှူး
    လူမှုကူညီရေးအဖွဲ့၊ စီမံရေးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့၊ စာရင်းစစ်အဖွဲ့၊ ပစ္စည်းထိန်းသိမ်းရေးအဖွဲ့ နှင့် ပြန်ကြားရေးအဖွဲ့ စသည်တို့ဖြင့် အသီးသီး တာဝန်ကိုယ်စီဖြင့် အများအကျိုးကို သယ်ပိုးနေလျက်ရှိကြပါသည်။











  • ဆက်သွယ်ရန် ဖုန်းနံပါတ်များ 






  • ဦးဘိုစံ (ဥက္ကဌ) 090-0501640






  • ဦးညီညီ (ဒု-ဥက္ကဌ) 080-6780894






  • ဦးအောင်အောင် (ဒု-ဥက္ကဌ) 085-7173777






  • ဦးကျော်စွာဝင်း ( အတွင်းရေးမှူး) 081-7962259





  • Read More ...


    • အသင်း/အဖွဲ့ အမည် : ဇီဝက အခမဲ့ ဒါန ဆေးကုသခန်း
    • တည်ထောင်သည့်နှစ်။ ။ 30.3.2013
    • ဥက္ကဌ/ခေါင်းဆောင် အမည် : အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ
    • အကြောင်းအရာ
                         တရားပွဲများကို အဓိကထား ပြုလုပ်ကျင်းပသည့် အမျိုးဘာသာ သာသနာကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး အဖွဲ့ကြီးမှူး၍ ကျန်းမာရေး ကဏ္ဍတစ်ခုအနေဖြင့် ဖွင့်လှစ် တည်ထောင်ထားသည့် ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းကို ၂၀၁၃ခုနှစ် မတ်လ(၃၀)ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး လက်ရှိတွင်  ဆေးခန်းအား ဘိုးဘွားရိပ်သာအနီးရှိ တိုက်ခန်းမှာ ဖွင့်လှစ်၍ ဆေးဝါးကုသပေးနေပြီး အဆိုပါ အခမဲ့ဆေးကုခန်းမှာ ဒေါက်တာ ပြည့်မြင့်မြတ် နှင့် ဒေါက်တာ မျိုးသွယ်သွယ်ဦး အပါအ၀င် ဆေးအကူ(၂)ဦးနှင့် "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအဖွဲ့ဝင် ၀န်ထမ်းများဖြင့် လည်ပတ်၍ ဆေးဝါးကုသပေးနေပြီး ရံဖန်ရံခါ၌  သမားတော်ကြီး ဒေါက်တာဖြိုးထက်ဦး မှလည်း လာရောက်၍ အခမဲ့ကုသပေးကြောင်း သိရှိရသည်။  ဆေးခန်းတွင် မရှိနွမ်းပါး ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားများကို အခမဲ့ ကုသပေးနေလျှက်ရှိသော ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းဖြစ်ပါသည်။  ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းမှ ဆေးကုသရေးအဖွဲ့သည် ဆေးခန်းတွင် ဆေးကုပေးသည့်အပြင် တစ်လတစ်ကြိမ် သို့မဟုတ် နှစ်လ တစ်ကြိမ် သတ်မှတ်၌ တာချီလိတ်ခရိုင်အတွင်းမှ သွားလာရာ ခက်ခဲသည့် တိုင်းရင်းသား ကျေးရွာများသို့ ကွင်းဆင်း၍ ဆေးကုသပေးမှုများလည်း ဆောင်ရွက်ပေးလျှက်ရှိသည်။







  • ဆက်သွယ်ရန် လိပ်စာ။ ။ ဘိုးဘွားရိပ်သာ နှင့် ဟိုတယ်တာချီလိတ် အနီး၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
  • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။ 082-6986955၊ 083-4780348၊ 084-3737200
  • Read More ...


    • အသင်း/အဖွဲ့ အမည် : ဓမ္မစကူးလ်ကျောင်းတော် - တာချီလိတ်
    • တည်ထောင်သည့်နှစ်။ ။ 18.8.2013 ( တာချီလိတ်၌ စတင်ဖွင့်လှစ်သော နှစ် )
    • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးကျော်သီဟ
    • အကြောင်းအရာ

                           တာချီလိတ်၌ ဖွဲ့စည်း ဖွင့်လှစ်ထားသော ဓမ္မစကူးလ်ဖောင်ဒေးရှင်း အပတ်စဉ် တနင်္ဂနွေ ဓမ္မစကူးလ် ကျောင်းတော်သည် ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကလေးသူငယ်များအား တတ်သိနားလည်မှုရှိစေရန်နှင့် ဘာသာတရား ရိုသေသိရှိ နားလည်စေရန် စသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် တာချီလိတ်မြို့တွင်း ဘုန်းကြီးကျောင်းများ၌  ဓမ္မစကူးလ်ကျောင်းတော် (၁၂)ကျောင်းအား ဖွင့်လှစ်ထားရှိပြီး သင်ရိုး ညွှန်းတမ်းဖြင့် မူလတန်းအဆင့်အဖြစ် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း စသည့် သတ်မှတ် အတန်းများလိုက် သင်ကြားပေးလျှက်ရှိသည်။

                        ထိုသို့ သင်ကြားပေးရာတွင် သင်ကြားပေးနေသော သံဃာတော်များ နှင့် ဆရာ/မများသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စေတနာ မေတ္တာဖြင့် အခမဲ့ သင်ကြားပေးပြီး ထိုသို့ တက်ရောက် သင်ကြားသော ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များကို အလှူရှင်များမှ အစာအာဟာရများဖြင့် ကျွေးမွေးလှူဒါန်းပေးလျှက်ရှိကြရာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။





  • ဆက်သွယ်ရန် ဖုန်းနံပါတ်များ....


  • ဦးကျော်သီဟ - ဥက္ကဌ


  • မြန်မာဖုန်း ။ ။ 09-5240191, 084-51915
  • ထိုင်းဖုန်း။ ။ 0900524606

  • ဦးဇော်မြင့် - ဒုတိယ ဥက္ကဌ


  • မြန်မာဖုန်း။ ။ 09-5240377 
  • ထိုင်းဖုန်း။ ။ 081-7645527
  • "ဖြိုး"ကုန်မျိုးစုံဆိုင်၊ တာချီလိတ်မြို့။

  • ဦးနေဦး - အတွင်းရေးမှူး


  • မြန်မာဖုန်း။ ။ 09-250250735
  • ထိုင်းဖုန်း။ ။ 086-9187739
  • Read More ...

    • အသင်း/အဖွဲ့ အမည် : ဘိုးဘွားရိပ်သာ - တာချီလိတ်
    • တည်ထောင်သည့်နှစ်။ ။ ++++
    • ဥက္ကဌ/ခေါင်းဆောင် အမည် : ++++
    • အကြောင်းအရာ
    အသင်း/အဖွဲ့၏ အကြောင်းအရာ
    က ခ



  • ဆက်သွယ်ရန် လိပ်စာ။ ။++++




  • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။++++




  • ဆက်သွယ်ရန် မြန်မာဖုန်း။ ။++++
  • Read More ...


    • အသင်း/အဖွဲ့ အမည် : လူမှုကရုဏာအသင်း - မယ်ဆိုင်
    • တည်ထောင်သည့်နှစ်။ ။ 28-1-2012
    • ဥက္ကဌ/ခေါင်းဆောင် အမည် : ကိုစိုင်း
    • အကြောင်းအရာ

                     တာချီလိတ်မြို့နှင့် အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများမှ မြန်မာလူမျိုးအချင်းချင်း ရိုင်းပင်းကူညီပေးရန်နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးရန်အတွက် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ(၂၈)ရက်နေ့က "လူမှုကရုဏာအသင်း - မယ်ဆိုင်" အားဖွဲ့စည်း၍ လူမှုအကျိုးပြုလုပ်ငန်းများအား အခမဲ့ ဆောင်ရွက်ပေးခဲ့ရာ ယခုအခါမှာ အသင်းသား/သူ ၁၅၀ ၀န်းကျင်ဖြင့် ဆောင်ရွက်ပေးနေလျှက်ရှိပါသည်။

    အဆိုပါ အသင်းသည် သာရေး၊ နာရေး၊ ကျန်းမာရေးအပြင် ဘာသာရေး နှင့်ပတ်သက်၍ တရားပွဲများလည်း ပြုလုပ်ကျင်းပလေ့ရှိပြီး စာကြည့်တိုက်လည်း ဖွင့်လှစ်ထားရှိသည်။



  • ဆက်သွယ်ရန် လိပ်စာ။ ။ မိုက်ဟွန်းခုန် ဘုန်းကြီးကျောင်းအနီး၊ မိုက်ဟွန်းခုန် ရက်ကွက်၊ မယ်ဆိုင်မြို့၊ ထိုင်းနိုင်ငံ။
  • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။ 090-0541595၊ 090-0541342

  • Read More ...

    • အသင်း/အဖွဲ့ အမည် : လူမှုကူညီရေးအသင်း(မိုင်းကိုး)
    • တည်ထောင်သည့်နှစ်။ ။ 20.12.2013
    • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးဆူးဝမ်း
    • အကြောင်းအရာ
               ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းကိုးကျေးရွာအုပ်စုရှိ တိုင်းရင်းသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် လူမှုကူညီရေးအသင်း(မိုင်းကိုး)ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြပြီး အသင်း ဥက္ကဌ အနေဖြင့် ဦးဆူးဝမ်းမှ ဦးဆောင်၍  စေတနာဖြင့် အခမဲ့ အကူအညီပေးလျှက်ရှိပြီး သာရေး၊ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ စသည့် လူမှုရေးအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်။





  • ဆက်သွယ်ရန် လိပ်စာ။ ။ မိုင်းကိုးကျေးရွာအုပ်စု
  • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။++++
  • ဆက်သွယ်ရန် မြန်မာဖုန်း။ ။++++
  • ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ဆက်လက်ဖော်ပြပါမည်
    Read More ...


    • အသင်း/အဖွဲ့ အမည် : CNCMC - Tachileik ( 
    ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်
      စေ့စပ်ညှိနှိုင်းရေးကော်မတီ )
      • တည်ထောင်သည့်နှစ်။ ။ 26.8.2013
      • ဥက္ကဌ/ခေါင်းဆောင် အမည် : မြို့နယ်အုပ်ချုပ်ရေးမှူး
      • အကြောင်းအရာ

      ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ရောက်ရှိနေသော၊ သွားရောက်လည်ပတ်သော၊ ဈေးဝယ်သော မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲများနှင့်ကြုံလာပါက သို့မဟုတ် ထိုင်းနိုင်ငံ ရဲများမှ မတရားဖမ်းဆီးထားမှုများနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ" ( Caring and Negotiating Committee for Myanmar Citizens in Mae Sai , Thailand ( Tachileik ) ) အား ၂၀၁၃ခုနှစ် သြဂုတ်လ (၂၆)ရက်နေ့ မွန်းလွဲပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့် ဖွဲ့စည်းထားသော ကော်မတီတစ်ရပ်ဖြစ်သည်။

      အဆိုပါ ကော်မတီအား ဖွဲ့စည်းခဲ့ပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့  နန်းကျန်းရပ်ကွက်ရှိ Prove Garment C၀.Ltd ပိုင် အထည်ချုပ်စက်ရုံတွင် မြန်မာနိုင်ငံသား အခက်အခဲဖြစ်နေသူ (၁၈၀)ကျော်အား အောင်မြင်စွာဖြင့် အခက်အခဲမရှိ ကူညီနိုင်ခဲ့သည့် ကော်မတီဖြစ်ပြီး ကြားကာလများ၌ မြန်မာနိုင်ငံသားတစ်ချို့မှ မယ်ဆိုင်မြို့ရှိ ဘဏ်များတွင် ငွေသွားထုတ်ရာမှ အဖမ်းခံရမှုများကိုလည်း ကူညီနိုင်ခဲ့သည်။

      ယင်းကော်မတီအား ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ဦးဆောင်ညွှန်ကြားပြီး ဒေသခံ မျိုးချစ်ပုဂ္ဂိုလ်များက စေတနာ မေတ္တာဖြင့် ကူညီပေးပြီး ဒုက္ခရောက်သူများကို ကူညီသည့်အခါမှာ တာချီလိတ်မြို့နယ်အတွင်းရှိ စေတနာရှင်များမှ စုပေါင်း၍ ၀ိုင်းဝန်းကူညီ လှူဒါန်းကြခြင်းဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီနိုင်ခြင်းဖြစ်ပါသည်။

      ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဒုက္ခရောက်နေသူများ အခက်အခဲဖြစ်ပေါ်နေသူများအနေဖြင့် အောက်ပါ ကော်မတီဝင်များ၏ ဖုန်းနံပါတ်များကို ဆက်သွယ်၍ အကူအညီတောင်းခံနိုင်မှာ ဖြစ်ပါသည်။


      ( အောက်ဖော်ပြပါ ဖုန်းများမှာ လက်ရှိဖုန်းနံပါတ်များဖြစ်ပြီး၊ ကျန်ရှိနေသည့် ကော်မတီဝင်များ၏ ဖုန်းနံပါတ်များကိုလည်း ဖော်ပြပေးပါမည် )
      • ဦးစည်သူ0860191524
      • ဦးတင့်ဆွေ 0894343777
      • ဦးအောင်မြင့်ရှိန် 0864426616
      • ဦးဘမိုးမြင့် 0897002114
      • ဦးစည်သူ 0860191524
      • ဦးထိန်မင်း 0827650919
      • ဦးအောင်ဖြိုးရှိန် 0897558729
      • ဦးဘိုလေး 0815950588
      • ဦးစိုင်းရွှေထွန်း 0899510627
      • ဦးမောင်မောင် 09428211871
      • ဦးစိုင်းစွံဆိုင်း 0899521521
      • ဒေါက်တာမြင့်အောင် 0838648452
      • ဒေါ်နန်းငွေမြ 0817651586
      ကော်မတီ၏ လုပ်ဆောင်ချက်များကို လေ့လာလိုပါက အောက်ပါ Link အား နိပ်၍ ၀င်ရောက် လေ့လာနိုင်မည်ဖြစ်ပါသည်။

      Read More ...


      • အသင်း/အဖွဲ့ အမည် : ++++
      • တည်ထောင်သည့်နှစ်။ ။ ++++
      • ဥက္ကဌ/ခေါင်းဆောင် အမည် : ++++
      • အကြောင်းအရာ
      အသင်း/အဖွဲ့၏ အကြောင်းအရာ
      က ခ
    • ဆက်သွယ်ရန် လိပ်စာ။ ။++++
    • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။++++
    • ဆက်သွယ်ရန် မြန်မာဖုန်း။ ။++++
    • Read More ...

       တာချီလိတ်မြို့တွင် ကျန်းမာရေး စောင့်ရှောက်မှုတစ်ခုဖြစ် တြိဂံသွေးလှူရှင်များအသင်းအား ၁၁.၁၂.၂၀၁၃ ရက်နေ့က ခိုင်မာစွာဖြင့် ဖွဲ့စည်းထားပြီး အဆိုပါအသင်းသည် သွေးများကို လှူဒါန်းရာမှာ ဆေးရုံ သို့မဟုတ် ဆေးခန်းတွင် သိုလှောင်ထားရန်အတွက် လှူဒါန်းသည်မျိုး မဟုတ်ပဲ အမှန်တကယ် သွေးလိုအပ်နေသည့် လူနာအား တိုက်ရိုက်လှူဒါန်းတာဖြစ်ပါသည်။ အဆိုပါအသင်း၏ ဦးတည်ချက် သဘောထား နှင့် လုပ်ဆောင်ချက် သဘောထားများကို အောက်တွင် လေ့လာနိုင်ပါသည်။

      ဦးတည်ချက် 

      1. သန့် ရှင်းစင်ကြယ်သော သွေးဖြင့် ဇီဝိတဒါနပြုရန် ။
      2. လူမျိုးဘာသာ ဆင်းရဲချမ်းသာ မခွဲခြားဘဲ စေတနာ အပြည့်ဖြင့် လှူဒါန်းရန်။
      3. အနာဂတ်လူငယ်များ အားကျအတုယူသော အသင်းဖြစ်စေရန်။

      လုပ်ဆောင်ချက် 
      ကျွန်တော်တို့ အသင်းသည်

      1. အမျိုးဘာသာအဆင့် အတန်းမရွေး အခမဲ့ လှူဒါန်းပေးပါသည်။ 
      2. ဆင်းရဲနွမ်းပါးသူနှင့် နယ်ဝေးမှ လူနာများအား ဦးစားပေးမည်။
      3. လူနာအား တိုက်ရိုက်လှူဒါန်းသော စနစ်ဖြင့် နေ့ ည အချိန်မရွေး လှူဒါန်းပေးမည်။

      သွေးလှူဒါန်းလိုသူများအနေဖြင့် စာရင်းပေးထားလိုသည်ဖြစ်စေ၊ သွေးလိုအပ်၍ ဖြစ်စေ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်မည်ဖြစ်ပါသည်။

      ဆက်သွယ်ရန်
      ထိုင်းဖုန်း ။         ။ 084-6082298, 081-1803378
      မြန်မာဖုန်း  ။       ။ 09-36174123
      Facebook:  https://www.facebook.com/ တြိဂံသွေးလှူရှင်များအသင်း

      Read More ...

      • အသင်း/အဖွဲ့ အမည် : အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ
      • တည်ထောင်သည့်နှစ်။ ။ ++++
      • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးမျိုးမြင့်အောင်/ဦးထွန်းနေဦး
      • အကြောင်းအရာ

      တာချီလိတ်မြို့တွင် ဘာသာရေးနှင့် ပတ်သက်၍ တရားပွဲတစ်မျိုးတည်းကိုသာ အဓိက ဦးတည်၍ နှစ်စဉ် မိုးရာသီကင်းလွတ်သည့် လတိုင်း များသောအားဖြင့် တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ်နှုန်းဖြင့် ကျင်းပပြုလုပ်လေ့ရှိသည့် "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" တရားပွဲ ဖြစ်မြောက်ရေးအား ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦး နှင့် ဦးမျိုးမြင့်အောင် တို့ ဦးစီးဦးဆောင်မှုဖြင့် တက်ကြွလူငယ်များဖြင့် စုစည်းကာ ပြုလုပ်လေ့ရှိပါသည်။

      "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"တရားပွဲဖြစ်မြောက်ရေးမှ တရားပွဲများအား ပြုလုပ်ကျင်းပလာခဲ့သည့်မှ ယခုအခါ ၂၀၁၃ခုနှစ် ဒီဇင်ဘာလထဲ၌ (၂၂)ကြိမ်မြောက်ပြီဖြစ်ပါသည်။

      "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"တရားပွဲဖြစ်မြောက်ရေးမှ တရားပွဲပြုလုပ်သော ကာလများသော်လည်းကောင်း၊ တရားပွဲပြုလုပ်ရန်အတွက် အကူအညီလိုအပ်လျှင်သော်လည်းကောင်း အကြံအဥာဏ်တောင်းခံလိုသော်လည်းကောင်း၊ ဆက်သွယ်၍ မေးမြန်းလိုပါက အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။


    • ဆက်သွယ်ရန် လိပ်စာ။ ။ တာချီလိတ်မြို့
    • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။ 084-3737200၊ 083-4780348


    • Read More ...