• အသင်း/အဖွဲ့ အမည် : ဓမ္မစကူးလ်ကျောင်းတော် - တာချီလိတ်
  • တည်ထောင်သည့်နှစ်။ ။ 18.8.2013 ( တာချီလိတ်၌ စတင်ဖွင့်လှစ်သော နှစ် )
  • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးကျော်သီဟ
  • အကြောင်းအရာ

                       တာချီလိတ်၌ ဖွဲ့စည်း ဖွင့်လှစ်ထားသော ဓမ္မစကူးလ်ဖောင်ဒေးရှင်း အပတ်စဉ် တနင်္ဂနွေ ဓမ္မစကူးလ် ကျောင်းတော်သည် ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကလေးသူငယ်များအား တတ်သိနားလည်မှုရှိစေရန်နှင့် ဘာသာတရား ရိုသေသိရှိ နားလည်စေရန် စသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် တာချီလိတ်မြို့တွင်း ဘုန်းကြီးကျောင်းများ၌  ဓမ္မစကူးလ်ကျောင်းတော် (၁၂)ကျောင်းအား ဖွင့်လှစ်ထားရှိပြီး သင်ရိုး ညွှန်းတမ်းဖြင့် မူလတန်းအဆင့်အဖြစ် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း စသည့် သတ်မှတ် အတန်းများလိုက် သင်ကြားပေးလျှက်ရှိသည်။

                    ထိုသို့ သင်ကြားပေးရာတွင် သင်ကြားပေးနေသော သံဃာတော်များ နှင့် ဆရာ/မများသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စေတနာ မေတ္တာဖြင့် အခမဲ့ သင်ကြားပေးပြီး ထိုသို့ တက်ရောက် သင်ကြားသော ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များကို အလှူရှင်များမှ အစာအာဟာရများဖြင့် ကျွေးမွေးလှူဒါန်းပေးလျှက်ရှိကြရာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။





  • ဆက်သွယ်ရန် ဖုန်းနံပါတ်များ....


  • ဦးကျော်သီဟ - ဥက္ကဌ


  • မြန်မာဖုန်း ။ ။ 09-5240191, 084-51915
  • ထိုင်းဖုန်း။ ။ 0900524606

  • ဦးဇော်မြင့် - ဒုတိယ ဥက္ကဌ


  • မြန်မာဖုန်း။ ။ 09-5240377 
  • ထိုင်းဖုန်း။ ။ 081-7645527
  • "ဖြိုး"ကုန်မျိုးစုံဆိုင်၊ တာချီလိတ်မြို့။

  • ဦးနေဦး - အတွင်းရေးမှူး


  • မြန်မာဖုန်း။ ။ 09-250250735
  • ထိုင်းဖုန်း။ ။ 086-9187739