• အသင်း/အဖွဲ့ အမည် : ဇီဝက အခမဲ့ ဒါန ဆေးကုသခန်း
  • တည်ထောင်သည့်နှစ်။ ။ 30.3.2013
  • ဥက္ကဌ/ခေါင်းဆောင် အမည် : အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ
  • အကြောင်းအရာ
                     တရားပွဲများကို အဓိကထား ပြုလုပ်ကျင်းပသည့် အမျိုးဘာသာ သာသနာကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး အဖွဲ့ကြီးမှူး၍ ကျန်းမာရေး ကဏ္ဍတစ်ခုအနေဖြင့် ဖွင့်လှစ် တည်ထောင်ထားသည့် ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းကို ၂၀၁၃ခုနှစ် မတ်လ(၃၀)ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး လက်ရှိတွင်  ဆေးခန်းအား ဘိုးဘွားရိပ်သာအနီးရှိ တိုက်ခန်းမှာ ဖွင့်လှစ်၍ ဆေးဝါးကုသပေးနေပြီး အဆိုပါ အခမဲ့ဆေးကုခန်းမှာ ဒေါက်တာ ပြည့်မြင့်မြတ် နှင့် ဒေါက်တာ မျိုးသွယ်သွယ်ဦး အပါအ၀င် ဆေးအကူ(၂)ဦးနှင့် "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအဖွဲ့ဝင် ၀န်ထမ်းများဖြင့် လည်ပတ်၍ ဆေးဝါးကုသပေးနေပြီး ရံဖန်ရံခါ၌  သမားတော်ကြီး ဒေါက်တာဖြိုးထက်ဦး မှလည်း လာရောက်၍ အခမဲ့ကုသပေးကြောင်း သိရှိရသည်။  ဆေးခန်းတွင် မရှိနွမ်းပါး ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားများကို အခမဲ့ ကုသပေးနေလျှက်ရှိသော ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းဖြစ်ပါသည်။  ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းမှ ဆေးကုသရေးအဖွဲ့သည် ဆေးခန်းတွင် ဆေးကုပေးသည့်အပြင် တစ်လတစ်ကြိမ် သို့မဟုတ် နှစ်လ တစ်ကြိမ် သတ်မှတ်၌ တာချီလိတ်ခရိုင်အတွင်းမှ သွားလာရာ ခက်ခဲသည့် တိုင်းရင်းသား ကျေးရွာများသို့ ကွင်းဆင်း၍ ဆေးကုသပေးမှုများလည်း ဆောင်ရွက်ပေးလျှက်ရှိသည်။







  • ဆက်သွယ်ရန် လိပ်စာ။ ။ ဘိုးဘွားရိပ်သာ နှင့် ဟိုတယ်တာချီလိတ် အနီး၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
  • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။ 082-6986955၊ 083-4780348၊ 084-3737200