• အသင်း/အဖွဲ့ အမည် : CNCMC - Tachileik ( 
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်
    စေ့စပ်ညှိနှိုင်းရေးကော်မတီ )
    • တည်ထောင်သည့်နှစ်။ ။ 26.8.2013
    • ဥက္ကဌ/ခေါင်းဆောင် အမည် : မြို့နယ်အုပ်ချုပ်ရေးမှူး
    • အကြောင်းအရာ

    ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ရောက်ရှိနေသော၊ သွားရောက်လည်ပတ်သော၊ ဈေးဝယ်သော မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲများနှင့်ကြုံလာပါက သို့မဟုတ် ထိုင်းနိုင်ငံ ရဲများမှ မတရားဖမ်းဆီးထားမှုများနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ" ( Caring and Negotiating Committee for Myanmar Citizens in Mae Sai , Thailand ( Tachileik ) ) အား ၂၀၁၃ခုနှစ် သြဂုတ်လ (၂၆)ရက်နေ့ မွန်းလွဲပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့် ဖွဲ့စည်းထားသော ကော်မတီတစ်ရပ်ဖြစ်သည်။

    အဆိုပါ ကော်မတီအား ဖွဲ့စည်းခဲ့ပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့  နန်းကျန်းရပ်ကွက်ရှိ Prove Garment C၀.Ltd ပိုင် အထည်ချုပ်စက်ရုံတွင် မြန်မာနိုင်ငံသား အခက်အခဲဖြစ်နေသူ (၁၈၀)ကျော်အား အောင်မြင်စွာဖြင့် အခက်အခဲမရှိ ကူညီနိုင်ခဲ့သည့် ကော်မတီဖြစ်ပြီး ကြားကာလများ၌ မြန်မာနိုင်ငံသားတစ်ချို့မှ မယ်ဆိုင်မြို့ရှိ ဘဏ်များတွင် ငွေသွားထုတ်ရာမှ အဖမ်းခံရမှုများကိုလည်း ကူညီနိုင်ခဲ့သည်။

    ယင်းကော်မတီအား ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ဦးဆောင်ညွှန်ကြားပြီး ဒေသခံ မျိုးချစ်ပုဂ္ဂိုလ်များက စေတနာ မေတ္တာဖြင့် ကူညီပေးပြီး ဒုက္ခရောက်သူများကို ကူညီသည့်အခါမှာ တာချီလိတ်မြို့နယ်အတွင်းရှိ စေတနာရှင်များမှ စုပေါင်း၍ ၀ိုင်းဝန်းကူညီ လှူဒါန်းကြခြင်းဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီနိုင်ခြင်းဖြစ်ပါသည်။

    ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဒုက္ခရောက်နေသူများ အခက်အခဲဖြစ်ပေါ်နေသူများအနေဖြင့် အောက်ပါ ကော်မတီဝင်များ၏ ဖုန်းနံပါတ်များကို ဆက်သွယ်၍ အကူအညီတောင်းခံနိုင်မှာ ဖြစ်ပါသည်။


    ( အောက်ဖော်ပြပါ ဖုန်းများမှာ လက်ရှိဖုန်းနံပါတ်များဖြစ်ပြီး၊ ကျန်ရှိနေသည့် ကော်မတီဝင်များ၏ ဖုန်းနံပါတ်များကိုလည်း ဖော်ပြပေးပါမည် )
    • ဦးစည်သူ0860191524
    • ဦးတင့်ဆွေ 0894343777
    • ဦးအောင်မြင့်ရှိန် 0864426616
    • ဦးဘမိုးမြင့် 0897002114
    • ဦးစည်သူ 0860191524
    • ဦးထိန်မင်း 0827650919
    • ဦးအောင်ဖြိုးရှိန် 0897558729
    • ဦးဘိုလေး 0815950588
    • ဦးစိုင်းရွှေထွန်း 0899510627
    • ဦးမောင်မောင် 09428211871
    • ဦးစိုင်းစွံဆိုင်း 0899521521
    • ဒေါက်တာမြင့်အောင် 0838648452
    • ဒေါ်နန်းငွေမြ 0817651586
    ကော်မတီ၏ လုပ်ဆောင်ချက်များကို လေ့လာလိုပါက အောက်ပါ Link အား နိပ်၍ ၀င်ရောက် လေ့လာနိုင်မည်ဖြစ်ပါသည်။