• အသင်း/အဖွဲ့ အမည် : မဇ္ဈိမလူမှုကူညီရေးအသင်း (တာချီလိတ်)
  • တည်ထောင်သည့်နှစ်။ ။ 12.12.2012
  • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးတင့်ဆွေ
  • အကြောင်းအရာ
           မဇ္ဈိမလူမှုကူညီရေးအသင်းအား ၁၂.၁၂.၂၀၁၂ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်လာခဲ့တာဖြစ်ပြီး၊ အသင်း၏ ဥက္ကဌအဖြစ် ဦးတင့်ဆွေမှ ဦးဆောင်၍ အသင်းသူ အသင်းသားများစွာတို့ဖြင့်.. 
  • နာရေး 
  • ကျန်းမာရေး 
  • ပညာရေး 
  • ဘာသာရေး 
  • ကယ်ဆယ်ရေး 
  • စာပေဟောပြောပွဲများပြုလုပ်ခြင်း 
  • လူမှုရေး 
  • သဘာဝပတ်ဝန်းကျင် 
  • စိမ်းလန်းစိုပြေစေရေး 
  • ဆိုင်းငံ့ဝတ်စုံ 
 စသည့် လူမှုအကျိုးပြု လုပ်ငန်းများကို အခမဲ့ ကူညီဆောင်ရွက်ပေးနေသော အသင်းတစ်သင်းဖြစ်သည်။

                         အဆိုပါ အသင်းအနေဖြင့် သာရေး နာရေးများကို ဆောင်ရွက်သည့်အပြင် ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေကြသောအခက်အခဲ ဖြစ်နေကြသော ဝေဒနာရှင်များအား ဆေးဝါးကုသစရိတ် ထောက်ပံ့ပေးခြင်းအပြင်၊ တာချီလိတ် ဒေသခံမဟုတ်ပဲ နယ်ဝေးမှ ဝေဒနာရှင်များ ဒုက္ခသည်များအနေဖြင့် အမှန်တကယ် မတတ်နိုင်ပါက စီစစ်၍ လမ်းစရိတ်ထောက်ပံ့ပေးမှုများကိုလည်း ပံ့ပိုး ကူညီပေးသည့် အပြင် လေယာဉ်လက်မှတ် ဖြတ်ပေးခြင်းတို့ဖြင့်လည်း ကူညီဆောင်ရွက်ပေးသည်။

                     မဇ္ဈိမလူမှုကူညီရေးအသင်းအနေဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်မဖော်သေးသော "ဆိုင်းငံ့ဝတ်စုံ" ပေးအပ်/လှူဒါန်းမှုကိုလည်း အကောင်အထည် ဖော်နေလျှက်ရှိသည်။ ဆိုင်းငံ့ဝတ်စုံ ဆိုသည်မှာ မိမိတို့ အနေဖြင့် မ၀တ်လိုသော ပိုနေသော အ၀တ်အစားများကို မဇ္ဈိမလူမှုကူညီရေးအသင်းအား လာရောက် လှူဒါန်းနိုင်မှာဖြစ်ပြီး ထိုသို့ လှူဒါန်းမှုကို လက်ခံပြီးနောက် မြန်မာပြည်တွင်း၌ အမှန်တကယ် လိုအပ်နေသော နေရာဒေသများသို့ တဆင့်ပြန်လည် ပေးအပ်လှူဒါန်းမှုများကို ပြုလုပ်သည်။


ဆက်သွယ်ရန် လိပ်စာ









  • မဇ္ဈိမ လူမှုကူညီရေးအသင်း - တာချီလိတ်မြို့ 
  • Website: www.mizzimasas.com 
  • Email: mizzimasas@gmail.com 
  • Facebook: www.facebook.com/mizzimasas
  • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။ 0873052999
  • ဆက်သွယ်ရန် မြန်မာဖုန်း။ ။ 094 580 43760