တာချီလိတ်မြို့တွင် ကျန်းမာရေး စောင့်ရှောက်မှုတစ်ခုဖြစ် တြိဂံသွေးလှူရှင်များအသင်းအား ၁၁.၁၂.၂၀၁၃ ရက်နေ့က ခိုင်မာစွာဖြင့် ဖွဲ့စည်းထားပြီး အဆိုပါအသင်းသည် သွေးများကို လှူဒါန်းရာမှာ ဆေးရုံ သို့မဟုတ် ဆေးခန်းတွင် သိုလှောင်ထားရန်အတွက် လှူဒါန်းသည်မျိုး မဟုတ်ပဲ အမှန်တကယ် သွေးလိုအပ်နေသည့် လူနာအား တိုက်ရိုက်လှူဒါန်းတာဖြစ်ပါသည်။ အဆိုပါအသင်း၏ ဦးတည်ချက် သဘောထား နှင့် လုပ်ဆောင်ချက် သဘောထားများကို အောက်တွင် လေ့လာနိုင်ပါသည်။

ဦးတည်ချက် 

  1. သန့် ရှင်းစင်ကြယ်သော သွေးဖြင့် ဇီဝိတဒါနပြုရန် ။
  2. လူမျိုးဘာသာ ဆင်းရဲချမ်းသာ မခွဲခြားဘဲ စေတနာ အပြည့်ဖြင့် လှူဒါန်းရန်။
  3. အနာဂတ်လူငယ်များ အားကျအတုယူသော အသင်းဖြစ်စေရန်။

လုပ်ဆောင်ချက် 
ကျွန်တော်တို့ အသင်းသည်

  1. အမျိုးဘာသာအဆင့် အတန်းမရွေး အခမဲ့ လှူဒါန်းပေးပါသည်။ 
  2. ဆင်းရဲနွမ်းပါးသူနှင့် နယ်ဝေးမှ လူနာများအား ဦးစားပေးမည်။
  3. လူနာအား တိုက်ရိုက်လှူဒါန်းသော စနစ်ဖြင့် နေ့ ည အချိန်မရွေး လှူဒါန်းပေးမည်။

သွေးလှူဒါန်းလိုသူများအနေဖြင့် စာရင်းပေးထားလိုသည်ဖြစ်စေ၊ သွေးလိုအပ်၍ ဖြစ်စေ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်မည်ဖြစ်ပါသည်။

ဆက်သွယ်ရန်
ထိုင်းဖုန်း ။         ။ 084-6082298, 081-1803378
မြန်မာဖုန်း  ။       ။ 09-36174123
Facebook:  https://www.facebook.com/ တြိဂံသွေးလှူရှင်များအသင်း