• အသင်း/အဖွဲ့ အမည် : အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ
  • တည်ထောင်သည့်နှစ်။ ။ ++++
  • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးမျိုးမြင့်အောင်/ဦးထွန်းနေဦး
  • အကြောင်းအရာ

တာချီလိတ်မြို့တွင် ဘာသာရေးနှင့် ပတ်သက်၍ တရားပွဲတစ်မျိုးတည်းကိုသာ အဓိက ဦးတည်၍ နှစ်စဉ် မိုးရာသီကင်းလွတ်သည့် လတိုင်း များသောအားဖြင့် တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ်နှုန်းဖြင့် ကျင်းပပြုလုပ်လေ့ရှိသည့် "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" တရားပွဲ ဖြစ်မြောက်ရေးအား ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦး နှင့် ဦးမျိုးမြင့်အောင် တို့ ဦးစီးဦးဆောင်မှုဖြင့် တက်ကြွလူငယ်များဖြင့် စုစည်းကာ ပြုလုပ်လေ့ရှိပါသည်။

"အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"တရားပွဲဖြစ်မြောက်ရေးမှ တရားပွဲများအား ပြုလုပ်ကျင်းပလာခဲ့သည့်မှ ယခုအခါ ၂၀၁၃ခုနှစ် ဒီဇင်ဘာလထဲ၌ (၂၂)ကြိမ်မြောက်ပြီဖြစ်ပါသည်။

"အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"တရားပွဲဖြစ်မြောက်ရေးမှ တရားပွဲပြုလုပ်သော ကာလများသော်လည်းကောင်း၊ တရားပွဲပြုလုပ်ရန်အတွက် အကူအညီလိုအပ်လျှင်သော်လည်းကောင်း အကြံအဥာဏ်တောင်းခံလိုသော်လည်းကောင်း၊ ဆက်သွယ်၍ မေးမြန်းလိုပါက အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။


  • ဆက်သွယ်ရန် လိပ်စာ။ ။ တာချီလိတ်မြို့
  • ဆက်သွယ်ရန် ထိုင်းဖုန်း။ ။ 084-3737200၊ 083-4780348