• အသင်း/အဖွဲ့ အမည် : အဆွေတော် မိသားစု (၂၄)နာရီ အထူးကုဆေးခန်း - ( ကုသိုလ်ပြု အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ )
  • တည်ထောင်သည့်နှစ်။ ။ 28.10.2012
  • ဥက္ကဌ/ခေါင်းဆောင် အမည် : ဦးတင်လှိုင် ( ဆေးခန်းပိုင်ရှင် )
  • အကြောင်းအရာ

          တာချီလိတ်မြို့တွင် ပထမဦးဆုံး (၂၄)နာရီ ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ဖွင့်လှစ်ထားရှိသော အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းသည်  (၂၄)နာရီ ကျန်းမာရေး ၀န်ဆောင်မှုအား ပုဂ္ဂလိကအကျိုးစီးပွားအဖြစ် လုပ်ကိုင်လျှက်ရှိသော်လည်း တစ်ဖက်တစ်လမ်းမှ  ရဟန်းသံဃာများနှင့် ဘာသာခြား သာသနာပြု ပုဂ္ဂိုလ်များအတွက် အထူးသီးသန့် ကုသိုလ်ဖြစ် ရာသက်ပန် ဇီဝိတဒါန အခမဲ့ ကုသပေးခြင်း အဖြစ် ကုသပေးလျှက်ရှိသော (၂၄)နာရီ ဆေးခန်းဖြစ်ပါသည်။

            အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းသည်  နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး ၊ မဟာမြတ်မုနိဆရာတော်ဘုရားကြီးတို့ အား အမှူးထားပြီး ဆရာတော် ၊ သံဃာတော်များ ၊ သီလရှင်များနှင့် အခြား ဘာသာရေးအဖွဲ့အစည်းများမှ သိက္ခာတော်ရ ဆရာတော်ကြီးများ၊ သင်းအုပ်ဆရာများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်များအား ပြင်ပလူနာအဖြစ် ကုသဆောင်ရွက်ပေးခြင်း နှင့် ရပ်ဝေး ရပ်နီးမှ ငွေကြေး အမှန်တကယ် ချို့တဲ့သူများကိုလည်း သင့်တင့်လျောက်ပတ်သော နှုန်းထားများဖြင့် မိဘပြည်သူများ၏ ကျန်းမာရေးများ အတွက် အခမဲ့ဝန်ဆောင်မှုများကို အထွေထွေ ရောဂါကု သမားတော်ကြီး ၊ အထူးကု ဆရာဝန်ကြီး၊ အထူးဝါရင့် ကျွမ်းကျင်ပညာရှင်ကြီးများ နှင့် ကျွမ်းကျင်သူနာပြု ဆရာမများက စေတနာကို အရင်းခံကာ အထူး ဆောင်ရွက်ပေးလျှက်ရှိပါသည်။

       အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းသည် အဓိကအားဖြင့် ရဟန်းသံဃာများနှင့် ဘာသာခြား သာသနာပြု ပုဂ္ဂိုလ်များအတွက် ကုသိုလ်ဖြစ် ရာသက်ပန် ဇီဝိတဒါန အခမဲ့ ကုသပေးနေလျှက်ရှိသော ဆေးခန်းဖြစ်ပါသည်။


ဆက်သွယ်ရန် 




  • လိပ်စာ ။ ။ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် မြောက်ဘက်မုခ်ဦးအနီး၊ မဟာဗောဓိကုန်းနှင့် ရွှေတိဂုံအတက်လမ်း မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
  • မြန်မာဖုန်း။ ။ 084-51895၊ 084-52901၊ 084-51491
  • ထိုင်းဖုန်း ။        ။  091-3071902 ၊ 088-8053194
  • Web: http://aswetawclinic.blogspot.com
  • Facebook: Ast Polyclinic အဆွေတော်မိသားစု ၂၄နာရီ အထူးကုဆေးခန်း